About Us

ကျွန်ုပ်၏အုပ်ချုပ်မှု စီမံကိန်း



မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂကြား ပူးပေါင်းဆောင်ရွက်မှုအား လွယ်ကူချောမွေ့စေရန် ကျွန်ုပ်၏အုပ်ချုပ်မှု စီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်ခဲ့သည်။ ကျွန်ုပ်၏အုပ်ချုပ်မှုစီမံကိန်းသည် ကျွမ်းကျင်မှုများနှင့် အရင်းအမြစ်များ ထောက်ပံ့မှုမှတဆင့် မူဝါဒရေးရာနယ်ပယ်အမျိုးမျိုး၌ မြန်မာနိုင်ငံအစိုးရအား ဌာန/အဖွဲ့အစည်းများ အားကောင်းခိုင်မာစေရေးနှင့် မူဝါဒရေးရာညှိနှိုင်းမှုအကူအညီများကို ပံ့ပိုးကူညီသည်။ စီမံကိန်းသည် (က) မြန်မာနိင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်များနှင့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်အား ပံ့ပိုးပေးသည့်အနေဖြင့် အုပ်ချုပ်မှုကဏ္ဍအား ပိုမိုအားကောင်းလာစေရေးအတွက် ကူညီဆောင်ရွက်ရန်၊ (ခ) အစိုးရဌာန/အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သည့်အဖွဲ့အစည်းများအား ပိုမို အားကောင်းလာစေရန်၊ နိင်ငံသားတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် မူဝါဒများရေးဆွဲချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ခြင်းစသည့် စွမ်းဆောင်ရည်များ ပိုမို ဖွံ့ဖြိုးတိုးတက်လာရန်နှင့် နိုင်ငံ၏ အထွေထွေလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာရန် ရည်ရွယ်ပါသည်။

ကျွန်ုပ်၏အုပ်ချုပ်မှုစီမံကိန်းသည် ၂၀၁၅ခုနှစ်မှ ၂၀၂၀ခုနှစ်အထိဆောင်ရွက်မည်ဖြစ်ပြီး အချိန်နှင့်တစ်ပြေးညီ နယ်ပယ်တိုင်းရှိ မြန်မာနိုင်ငံ၏အဖွဲ့အစည်းများတွင် ကူညီဆောင်ရွက်လျက်ရှိသော နိုင်ငံတကာနှင့် နိုင်ငံသားကျွမ်းကျင်ပညာရှင် ၂၀-၃၀ဦး ရှိသည်။ စီမံကိန်းသည် ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံအစိုးရမှ သတ်မှတ်သော ဦးစားပေးနယ်ပယ်များ နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်၍ ကျွန်ုပ်၏အုပ်ချုပ်မှု စီမံကိန်းမှဆောင်ရွက်လျက်ရှိသော မူဝါဒရေးရာနယ်ပယ်များတွင် အစိုးရ၀န်ကြီးဌာနများ၊ အစိုးရ၀န်ထမ်းများ၊ ပြည်ထောင်စုလွှတ်တော်နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ ပံ့ပိုးကူညီမှုဖြင့် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု၊ပညာရေး၊ စိုက်ပျိုးရေး၊ လယ်ယာမြေအသုံးချမှုနှင့် အခြားကဏ္ဍများစွာ ပါဝင်သည်။

ဥရောပသမဂ္ဂက ယူရိုငွေ ၁၆သန်းဖြင့် ကျွန်ုပ်၏အုပ်ချုပ်မှုစီမံကိန်းကို ထောက်ပံ့ကူညီလျက်ရှိသည်။ စီမံကိန်းကို GOPA အကြံပေးပုဂ္ဂိုလ်များမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နေပြည်တော်တွင် စီမံကိန်းစီမံ ခန့်ခွဲမှုရုံး ထားရှိသည်။


ကျွန်ပ်တို့၏ လက်ကမ်းကြော်ငြာ




GOPA အတိုင်ပင်ခံများ အကြောင်း


GOPA အတိုင်ပင်ခံကုမ္ပဏီမှာ ဥရောပတွင် ခိုင်မာမှုအရှိဆုံးအတိုင်ပင်ခံများ အဖွဲ့ ဖြစ်ပြီး မြန်မာနိင်ငံရှိ ကျွန်ပ်၏အုပ်ချုပ်မှု My Governance စီမံကိန်း အားဆောင်ရွက်ရာတွင် ဥရောပ သမဂ္ဂ ၏ အကောင်အထည်ဖော် မိတ်ဖက်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ၁၉၆၅ ခုနှစ်စတင်တည်ထောင်ချိန်မှစ၍ နိုင်ငံပေါင်း (၁၃၀) ကျော်တို့တွင် ပုဂ္ဂလိကလုပ်ငန်းများ အပါ အဝင်ပြည်တွင်းနှင့် နိင်ငံတကာမှ ငွေကြေးမြှုပ်နှံပေးသော အဖွဲ့အစည်းများအတွက် စီမံခန့်ခွဲမှုနှင့် လေ့ကျင့် သင်တန်းပေးခြင်း ဆိုင်ရာ စီမံကိန်းပေါင်း ၃,၄၅၀ ကျော်ကိုအောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်ပေး နိင်ခဲ့ပါသည်။

ဥရောပ သမဂ္ဂ မှငွေကြေးမြှုပ်နှံပေးထားသည့် ကျွန်ပ်၏အုပ်ချုပ်မှု My Governance စီမံကိန်းမှာ မြန်မာအစိုးရမှ ချမှတ်ထားသည့် ဦးစားပေး ကိစ္စရပ်များအား သိသိသာသာရည်စူးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယင်းစီမံကိန်းမှာ အစိုးရဌာန/အဖွဲ့အစည်း များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများအနေဖြင့် နိင်ငံသားတို့၏လိုအပ်ချက်များအားဖြည့်ဆည်း၍ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာစေရန် မူဝါဒရေးဆွဲခြင်း၊ စီမံကိန်းရေးဆွဲခြင်းနှင့် အကောင်အထည် ဖော်ခြင်းများ ဆောင်ရွက်ရာ၌ ပိုမိုအားကောင်းလာစေရန်နှင့် စွမ်းဆောင်ရည်များပြည့်ဝလာစေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံ

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် တည်ရှိသော ထွန်းသစ်စ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါသည်။ မြန်မာ နိုင်ငံ၏မြို့တော် မှာ နေပြည်တော်ဖြစ်ပြီး အကြီးဆုံးမြို့တော်ဖြစ်ကာ မြို့တော်ဟောင်းမှာ ရန်ကုန်မြို့ ဖြစ်သည်...

ဆက်လက်ဖတ်ရှုရန် »

ဥရောပသမဂ္ဂ

ဥရောပသမဂ္ဂသည် ဥရောပတိုက်ကြီးကို ဖုံးလွှမ်းထားသော ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ၂၈ နိုင်ငံ များ အကြား တစ်မူထူးခြားသော စီးပွားရေးနှင့်နိုင်ငံရေးပြည်ထောင်စုကြီး ဖြစ်သည် ...

ဆက်လက်ဖတ်ရှုရန် »

GOPA Consultants

GOPA Consultants ဂိုပါ အတိုင်ပင်ခံများအဖွဲ့သည် ဂျာမဏီတွင် ဦးဆောင် ဖွံ့ဖြိုးရေး အတိုင်ပင်ခံ အဖွဲ့ ဖြစ်ပြီး ဥရောပတွင် ခိုင်မာမှုအရှိဆုံးအတိုင်ပင်ခံများ အဖွဲ့ ဖြစ်သည်...

ဆက်လက်ဖတ်ရှုရန် »

ကျွန်ုပ်တို့၏တွဲဖက်များ