Details

ဧရာဝတီတိုင်းဒေသကြီးအတွင်း အာဟာရကဏ္ဍပြုပြင်ပြောင်းလဲရေး သဘောတူညီမှုစာချုပ် အကောင်အထည်ဖော်မှုအတွက် ပြင်ဆင်ဆောင်ရွက်

ဥရောပသမဂ္ဂနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရတို့အကြား သဘောတူညီထားသော အာဟာရကဏ္ဍပြုပြင်ပြောင်းလဲရေး သဘောတူညီမှုစာချုပ်အား စတင်အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြင်ဆင်သည့်အနေဖြင့် ကျွန်ုပ်၏အုပ်ချုပ်မှုစီမံကိန်းမှ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၆ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့၌ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကိုစီစဉ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား လာမည့်ဘဏ္ဍာနှစ်အတွင်း ဥရောပသမဂ္ဂ၏ ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့များနှင့်စပ်လျဉ်း၍ ဒေသဆိုင်ရာအစိုးရကိုယ်စားလှယ်များအနေဖြင့် ဆောင်ရွက်ရေးအစီအမံများ၊ စောင့်ကြည့်အကဲဖြတ်ရေးနှင့်စပ်လျဉ်းသောလုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် လုပ်ငန်းအစီရင်ခံစာဆိုင်ရာလိုအပ်ချက်များအား ဆွေးနွေးတိုင်ပင်ကြရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ဥရောပသမဂ္ဂနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရတို့သည် အာဟာရကဏ္ဍပြုပြင်ပြောင်းလဲရေး သဘောတူညီမှုစာချုပ်အား ၂၀၂၀ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

Read In English
 52