မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲနှင့် မြန်မာနိုင်ငံပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးအား စဉ်ဆက်မပြတ်ပံ့ပိုးကူညီမှု။
ပညာရေးကဏ္ဍ
ပြုပြင်ပြောင်းလဲရေးအတွက်
မြန်မာနိုင်ငံအစိုးရနှင့်
ဥရောပသမဂ္ဂကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်အား
Mygovernance Project၏ပံ့ပိုးကူညီမှုဖြင့်
ယမန်နေ့က နေပြည်တော်တွင်ကျင်းပခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲအား
ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး
နှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီးတို့မှ
ဦးဆောင်ကျင်းပခဲ့ကြပြီး
နိုင်ငံ၏ တိုင်းရင်းသားဒေသများနှင့် ပဋိပက္ခဒဏ်ခံနယ်မြေများရှိ ကလေးများ ပညာရေးလက်လှမ်းမီနိုင်ရန်ကိစ္စနှင့်
စပ်လျဉ်း၍ လက်ရှိအခြေအနေများအား အထူးဆွေးနွေးခဲ့ကြသည်။ မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲအပြီးတွင်
ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ၏ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးအား
ပံ့ပိုးကူညီသည့်အနေဖြင့်
ယူရိုငွေ ၃၂သန်း(မြန်မာကျပ်ငွေ ၅၁ဘီလီယံ) အား ထောက်ပံ့ပေးခဲ့သည်။ ထိုရန်ပုံငွေထောက်ပံ့မှုသည်
နိုင်ငံ၏ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ
သင်တန်းများ အရည်အသွေးတိုးတက်ကောင်းမွန်လာစေရေးတွင်
အစိုးရ၏ ရည်မှန်းချက်မြင့်မားသော ကြိုးပမ်းအားထုတ်မှုများအား
ပံ့ပိုးကူညီရန် စုစုပေါင်းယူရိုငွေ ၂၂၁ သန်း(မြန်မာကျပ်ငွေ ၃၈၂ ဘီလီယံ) မှ ဒုတိယအကြိမ်ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။Mygovernance
စီမံကိန်းသည် ထိုကြီးမားကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု၏ နည်းပညာဆိုင်ရာကဏ္ဍအများအပြားအား
ပြင်ဆင်ရေးနှင့် လည်ပတ်ဆောင်ရွက်ရေးတွင် နှစ်ဖက် မိတ်ဖက်အဖွဲ့အစည်းအတွက် အခရာအဖြစ်ဆောင်ရွက်လျက်ရှိပါသည်။